ဘိုကလေး၊ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ ဘက်ခြမ်းတွင် ယနေ့နံနက်(၈)နာရီ၌ တရားမဝင် ဘင်္ဂါလီများ ဖမ်းဆီးရမိသည်။
ဖြစ်စဉ်မှာ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာဘက်ခြမ်းတွင် မသင်္ကာဖွယ်ရာ စက်လှေတစ်စီးတွေ့ရှိကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာသို့ ယနေ့နံနက်ပိုင်း ဖုန်းဆက်အကြောင်းကြားသဖြင့် ဘိုကလေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲဝေလင်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဘိုကလေးမြို့နယ် ၊ ပိုက်စလကျေးရွာနေသူ အောင်စိုးနိုင်မှ စက်လှေမောင်းနှင်ပြီး ဌေးကြိုင်နှင့် အငယ်ကောင် ဆိုသူတို့နှစ်ဦး အကူလိုက်ပါလာသော အတောင်(၃၀)ခန့်ရှိ ချွန်းစက်လှေပေါ်တွင် ဘင်္ဂါလီလူမျိုး ကျား(၅)ဦး၊ မ(၂၅)ဦးတို့အား တွေ့ရှိရကြောင်း၊ ၎င်းတို့အား ကိုင်းသောင်ကျေးရွာမှ တွံတေးမြို့သို့ ပို့ဆောင်ရန် သယ်ဆောင်လာကြောင်း သိရှိရသည်။
၎င်းကိစ္စနှင့် ပတ်သတ်၍ လိုအပ်သည်များ စစ်ဆေးမေးမြန်းနိုင်ရန် စက်လှေမောင်းနှင်သူများနှင့် ဘင်္ဂါလီလူမျိုးများအား တာဝန်ရှိသူများမှ ဘိုကလေးမြို့မရဲစခန်းသို ခေါ်ဆောင်လာပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးအဖွဲနှင့် ပူးပေါင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မိုးစက်(ပြန်ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment