ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မှော်ဘီမြို့နယ် ကန်ကလေး လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မှော်ဘီမြို့နယ် ကန်ကလေး လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေး




နေပြည်တော်၊ နိုဝင်ဘာ   ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ (၆) ရက် ညနေပိုင်းတွင် မှော်ဘီမြို့နယ် ကန်ကလေး လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ခွင်သို့ရောက်ရှိပြီး ပင်မရေငြိမ်ကန်၊ ပင်မရေပေးမြောင်း တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလ ပြီးစီးရေး ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် နိုဝင်ဘာ (၇) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ် ရေးဌာနခွဲသို့ ရောက်ရှိကြပြီး သီးနှံပိုးမွှားရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ဓာတ်ခွဲခန်းများကို ကြည့်ရှု စစ်ဆေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်ရှိ ဟင်းရွက်၊ သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) သို့ရောက်ရှိကြရာ ဌာနတာဝန်ခံက မျိုးကောင်း မျိုးသန့် ဟင်းသီး ဟင်းရွက် (F1)မျိုးစေ့ ထုတ်လုပ်နေမှု၊ ဟင်းသီးဟင်းရွက် မျိုးရင်းများ မျိုးပွားမျိုးထိန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကို သုတေသနပြု ဖော်ထုတ်၍ တောင်သူ ပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဒေသရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် နိုင်သည့် သီးနှံမျိုးစေ့များ တိုးမြှင့်ထုတ်လုပ်ရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို တောင်သူ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေး ဆွေးနွေးမှာကြားပြီး ဟင်းသီးဟင်းရွက် မျိုးသန့်မျိုးပွား ထုတ်လုပ်နေမှုများနှင့် အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေး အားပေးသည်။

အလားတူ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန (CARTC)သို့ ရောက်ရှိပြီး တောင်သူများ အသိပညာ နည်းပညာ တိုးတက်မြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်း စနစ်များကို စိုက်ပျိုးထုတ်လုပ်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ကျင့်သုံးရန် လိုအပ်ချက်များ၊ သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသော ဝန်ထမ်း စွမ်းဆောင်ရည်မြှင့် သင်တန်းများအနေဖြင့် နိုင်ငံအတွက် လိုအပ်လျက် ရှိသော လုပ်ငန်းခွင် ကျွမ်းကျင်သည့် လူသားအရင်း အမြစ်များ တိုးပွားရေးအတွက် အရေးပါသည့်လုပ်ငန်းဖြစ်၍ အထူး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)