ပေါက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ လွှဲပြောင်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ လွှဲပြောင်းပေးအပ်




ပေါက်၊ နိုဝင်ဘာ   ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တို ဘာလမှ မတ်လအထိ) (၆)လ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေပေါက်ပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်စိုးက နိုင်ငံတော်အစိုးရမှ ဘဏ္ဍာရေးနှစ်အလိုက် ပြည်သူများ၏ အခြေခံလိုအပ်ချက် ဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိ သည့် စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ နိုင်ငံတော်၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းလုပ်ငန်းစဉ်များကို ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ တာဝန်ယူ ဆောင်ရွက်ကြမည့် သက်ဆိုင်ရာ ဌာနများအနေဖြင့် ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူကိုဗဟိုပြုပြီး ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေထွန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ မတ်လအထိ) (၆)လ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူ များက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ မတ်လအထိ) မြို့နယ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ သားငါးကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍစသည့် စီမံကိန်းလုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြသည်။

သတင်း - ဉာဏ်တိုး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)