နေရပ်ပြန် မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေရပ်ပြန် မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိ


ကော့သောင်း၊ နိုဝင်ဘာ  ၂၁

မြန်မာနိုင်ငံရေပိုင်နက် ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း နိုင်ငံတကာပင်လယ်ကူး သင်္ဘောများပေါ်မှ သင်္ဘောသား အလွဲအပြောင်း လုပ်ငန်းများကို ပြုလုပ်လျက်ရှိရာ စင်္ကာပူနိုင်ငံပိုင် အမ်ဗွီရှန်းလီ MV-SHUN LI သင်္ဘောပေါ်မှ သင်္ဘောသား(၄)ဦး ကိုးရီးယားနိုင်ငံပိုင် အမ်ထီဂိုးဒင်းခရီအေးရှင်း MT-GOLDEN CREATION သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦးသည် ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ     ကော့သောင်းမြို့မ ဆိပ်ကမ်းတံတား၌ ကျန်းမာရေးဌာနနှင့် တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် သင်္ဘောသား(၁၅)ဦးအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက်ထားရှိ ကန့်သတ်စောင့်ကြည့်ထားမည်ပြီး ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးကာ ရောဂါပိုးမတွေ့ရှိမှသာ မိမိနေရပ် အသီးသီးသို့ ပြန်လည်ထွက်ခွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)