သီပေါမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

 


သီပေါ၊ နိုဝင်ဘာ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော် ကျောင်းတိုက် ဘုန်းကြီးကျောင်းတွင်  ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဘုန်းကြီးကျောင်း တွင် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်သို့ တိုက်ပွဲရှောင်ရန် ရောက်ရှိနေသော မိုးတေ၊ ဆွန်လုံ၊ ဟန်လျှံ၊ ချောင်းဆုံ၊ ကွန်စံလိတ်၊ မန်မိုင် စသည့် ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူ (၄၁၆)ဦး ရှိသည့်အနက် ပြည်သူ(၂၀)ဦးအား COVID-19 Antigen RDT  Test Kit ဖြင့်ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးရာ (၂၀)ဦးလုံး ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိရကြောင်း၊  အသက်(၁၈)နှစ် နှင့် အထက် တိုက်ပွဲရှောင် ပြည်သူ(၂၅)ဦးအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေး ခဲ့ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်း များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော အသက်(၁၈)နှစ် နှင့်အထက် တိုက်ပွဲရှောင်ပြည်သူများကို နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

သတင်း - ခင်လေး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)