မိုင်းကိုင်၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ပြီးနောက် ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို အ.ထ.က(မိုင်းကိုင်)စုရပ်၌ ယနေ့မနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac များ ထပ်မံထိုးနှံပေးလျက်ရှိသည်။
ကျောင်းဖွင့်ရာသီအတွင်း ကျောင်းတက်ရောက်နေသော ကလေးများ၊ ကျောင်းတက်ရန် ထပ်မံ လာရောက်အပ်နှံသည့် ကလေးများ အားလုံး ရောဂါအန္တရာယ် ကင်းရှင်းစွာဖြင့် ပညာသင်ကြား နိုင်ရေးအတွက် ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခြင်းဖြစ်ရာ ယနေ့တွင် မြို့ပေါ်ရှိ အခြေခံ ပညာကျောင်း ၅ ကျောင်းမှ ကျောင်းသားကျောင်းသူပေါင်း ၂၀၄ ဦး လာရောက်ထိုးနှံခဲ့ပြီး ကျန်ရှိနေသေးသော ကျေးလက်ဒေသရှိ အခြေခံပညာကျောင်းများမှ ကျောင်းတက်ရောက်နေသော ကျောင်းသားကျောင်းသူများကိုလည်း ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်သည်။
သို့ဖြစ်၍ မိုင်းကိုင်မြို့နယ်၌ ယနေ့အထိ ကျောင်းတက်ရောက်နေသော အသက် ၁၂နှစ်နှင့် အထက် ကလေးများထဲတွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ထိုးနှံပြီးသူ ၂၄၂ ဦး ၊ ယနေ့လာရောက်ထိုးနှံသူ ၂၀၄ ဦး ၊ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ် ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၄၄၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment