ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး စက်လှေကားတပ်ဆင် နိုင်ရေးနှင့် ဘက်စုံပြုပြင် မွန်းမံနိုင်ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး စက်လှေကားတပ်ဆင် နိုင်ရေးနှင့် ဘက်စုံပြုပြင် မွန်းမံနိုင်ရေးဆောင်ရွက်





ပဲခူး၊ နိုဝင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး စက်လှေကားတပ်ဆင်နိုင်ရေးနှင့် ဘက်စုံပြုပြင်မွန်းမံနိုင်ရေး တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကန်တော့ခဲ့ပြီး ရင်ပြင်တော်ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များက စေတီတော်မြတ်ကြီးဘက်စုံပြုပြင် မွန်းမံ နိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်မုခ်တွင် စက်လှေကား တပ်ဆင်နိုင်ရေး၊ စေတီပတ်လည် ကြွေပြားအသစ်ပြန်လည်ခင်းနိုင်ရေး၊ အဆင့်မြင့် အိမ်သာလိုအပ်ချက်၊ လျှပ်စစ်မီးလိုအပ်ချက်၊ ပြတိုက်ပြန်လည်ပြုပြင်မွန်းမံနိုင်ရေး၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ ဝှီးချဲဖြင့် ဘုရားဖူးနိုင်စေရေး အနောက်ဘက်မုခ်ရှိ အတက်/အဆင်း လှေခါးထစ်ဘေးနေရာတွင် ပြေပြစ်သည့်လမ်း ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး ဂြိုလ်တိုင်အလိုက် နေပူခံအမိုးများ တပ်ဆင်သွားရန် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးနောက် ရင်ပြင်တော်ပေါ် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး အောက်ခြေပတ်လမ်းရှိ စွန်ပလွန်ရေကန်အား သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပြန်လည် တူးဖော်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်း သမိုင်းဝင်ရေကန်ဖြစ်၍ ရှေးမူမပျက် သေသပ်လှပစွာ အထူးအလေးထား ပြင်ဆင်ရန်နှင့် ပတ်လမ်းဝဲ/ယာ ရေနုတ် မြောင်းတူးခြင်းနှင့် Landscaping Design ရေးဆွဲတင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ် တို့အား နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၅)နာရီအထိ အများပြည်သူ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး ဖွင့်လှစ်ပေးထားကြောင်း သိရှိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှု၊ ရေနှုတ်မြောင်း၊ ပလက်ဖောင်း၊ အလှသစ်ပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်က ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းများအဆင့်မြှင့်တင်ခြင်း၊ လမ်းအမည် ဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့အား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသလို အများပြည်သူ များအတွက် လမ်းများကောင်းမွန်အောင် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်၍ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အများပြည်သူ အပန်းဖြေအနားယူနိုင်ရေး ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် အရှည်ပေ(၁၉၅၀)ရှိ ကျွန်းသာယာရပ်ကွက်၊ တပင်ရွှေထီး(၁)လမ်းအား အကျယ်(၁၀)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ်ခင်းနေမှု အခြေအနေအား လည်းကောင်း၊ မဇင်းရပ်ကွက် ကျိုက်ပေါလမ်း (၁၅၃၅'×၁၃'×၇")ကွန်ကရစ်ခင်းနေမှု အားလည်းကောင်း၊ ပဲခူးတက္ကသိုလ်အနီး ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်း ဆုံရာနေရာ၌ အပန်းဖြေပန်းခြံ တည်ဆောက်ရန် မြေနေရာရှင်းလင်း ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)