ကာလိမြို့ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာလိမြို့ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်


ကာလိ၊ နိုဝင်ဘာ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်း နေထိုင်နေကြသည့် ဒေသခံ ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က စတင်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

ကာလိမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ အမြန်ဆုံးဖြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ကာလိမြို့အတွင်းရှိ ဆီဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ဝေါ့ရှော့များ အစရှိသည့် ဆိုင်များမှ ပြည်သူများကို ကာလိမြို့ အမှတ်(၁၅၁)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကျော်သက်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သက်ဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကာလိနယ်မြေစခန်းမှ ရဲအုပ်လှဟန်၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအောင်သူ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကာလိနယ်မြေ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်းပြီး ကွင်းဆင်းကာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခဲ့သည်။

သက်ဆိုင်ရာ တာဝန်ရှိသူများတို့က RDT Test Kitဖြင့် စစ်ဆေးပြီးသောဆိုင်များအား (၂၄)နာရီ ဆိုင်ဖွင့်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဝင်းကျော် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)