သီပေါမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး


သီပေါ၊ နိုဝင်ဘာ   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ  ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာလအတွင်း ပထမအကြိမ် ထိုးနှံပေးပြီးနောက် ယခုအခါ ယနေ့ နံနက်ပိုင်းမှ  စတင်၍ မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ  အသက်(၁၂)နှစ်နှင့် အထက်  ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို  ဆေးထိုးစုရပ်နေရာများဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆေးထိုးစုရပ်နေရာများဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်းများတွင် ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinovac) အမျိုးအစားဖြစ်ပြီး ပထမအကြိမ်အဖြစ်  အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၉၄)ဦးတို့အားထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊    ရောဂါရှိ/မရှိ မေးမြန်းပြီးမှသာ     ကျန်းမာရေးဝန်ထမ်းများက   သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေး ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့ဝင်များနှင့် ပညာရေး ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)