ဘူးသီးတောင်မြို့၌ မီးဘေးသင့်အိမ်ထောင်စုဝင် (၄)ဦးအား ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘူးသီးတောင်မြို့၌ မီးဘေးသင့်အိမ်ထောင်စုဝင် (၄)ဦးအား ထောက်ပံ့ငွေများပေးအပ်

 


ဘူးသီးတောင်၊ နိုဝင်ဘာ   ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်၌ နိုဝင်ဘာလ (၁၀)ရက်နေ့ညနေပိုင်း က မီးလောင်ကျွမ်းခဲ့သည့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန် က အဆိုပါမီးလောင်ခဲ့သည့် နေအိမ်သို့သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးငြိမ်းထွန်းနှင့် တာဝန်သူများက ပေးအပ်ရာ မီးဘေးသင့်ပြည်သူများက လက်ခံရယူကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူများမှာ အိမ်ထောင်စုတစ်စုဖြစ်ပြီး မိသားစုဝင် (၄)ဦးရှိပြီး အိမ်ဆောက်လုပ်ရန်အတွက် ထောက်ပံငွေကျပ် ၁၀၀၀၀၀/-(တစ်သိန်း)နှင့် လူတစ်ဦးလျှင် တစ်ရက် ဆန်(၂)ဘူးနှုန်းဖြင့် ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုး ထောက်ပံ့ငွေကျပ် ၈၄၀၀/-(ရှစ်ထောင့်လေးရာ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပါဝင်သည့်ဗူးတစ်လုံးတို့ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)