သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၅၅)နှစ် အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၅၅)နှစ် အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး



ရန်ကုန်၊ နိုဝင်ဘာ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  ယနေ့၊ ရတနာမြေဓမ္မာရုံ၊ ရေနံသာလမ်း၊ သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ဒုတိယအကြိမ် ကာကွယ် ဆေးလာရောက်ထိုးနှံကြသူ ကျား ၁၆၅ ဦး၊ မ ၂၅၆ ဦး စုစုပေါင်း ၄၂၁ ဦးရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထူး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ  ကူညီ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

သတင်း - စန္ဒာမိုး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)