Pages

Pages

ရွှေပြည်သာမြို့နယ်စာ ရေးဆရာအသင်းဝင်များသို့ငွေနှင့်ဆန်များလှူဒါန်းမှုပြုလုပ်


ရွှေပြည်သာ၊ နိုဝင်ဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မြို့နယ် စာရေးဆရာ အသင်းဝင်များ  ကိုဗစ်ကာလအတွင်း  စားဝတ်နေရေးအဆင်ပြေ စေရန် ရည်ရွယ်၍ စာရေးဆရာ အသင်းနာယကကြီးများ၏  ဦးဆောင်မှုဖြင့် အသင်းဝင်များသို့အလှူ ငွေနှင့်ဆန်လှူဒါန်းပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနည်းလမ်းများနှင့် အညီကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်   ကွယ်လွန်သူအသင်းဝင်(၅)ဦး၏ မိသားစုဝင်များသို့ တစ်ဦးလျှင် အလှူငွေ နှစ်သောင်းကျပ်နှင့်ဆန်(၆)ပြည် ကိုလည်းကောင်း၊ ကျန်အသင်းဝင် (၄၀)ဦးကို  တစ်ဦးလျှင် အလှူငွေ တစ်သောင်းငါးထောင်ကျပ်နှင့် ဆန်(၆)ပြည် ကိုလည်းကောင်း၊ အသင်းဝင်(၄၇)ဦးကို ဆန်(၆)ပြည်ကို လည်းကောင်း  ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းမှုတွင်  စာရေးဆရာမှူးကျော်(ပန်းတနော်)၊ မှူးခင်(ရွှေပြည်သာ)၊ မြင်းခြံ ကျော်အောင်  အပါအဝင် စာရေးဆရာကြီး(၁၀)ဦးတို့က အလှူငွေများ ပါဝင်လှူဒါန်းပြီး  ဆန်လှူဒါန်းမှုကို  မထက်နှင်းမြတ်ကျော်၏ မွေးနေ့အလှူအဖြစ်  လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment