Pages

Pages

တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသည့် PDF အကြမ်းဖက်သမားများအား ငှားရမ်းနေထိုင်ခွင့် ပြုခဲ့သော နေအိမ် ချိတ်ပိတ်ခံရ



ရန်ကုန်၊ အောက်တိုဘာ ၄

ယမန်နေ့က ရန်ကုန်တိုင်း၊ ဒဂုံအရှေ့မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်စောနောင်လမ်း၊ အိမ်အမှတ်(၂၃)နေအိမ်၌  PDF အကြမ်းဖက်များ ငှားရမ်းနေထိုင် အသုံးပြုခွင့် ပေးခဲ့သော နေအိမ်အား သက်ဆိုင်ရာမှာ ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။


နိုင်ငံတော်က အကြမ်းဖက်သမားများအား ခိုအောင်းခွင့်ပေးသော နေအိမ်များ အကြမ်းဖက်မှုတားဆီးတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကြိုတင်သတိပေးစာများ ထုတ်ပြန်ခဲ့ပြီး ယခုလစတင်၍ အကြမ်းဖက်သမားများ ထောက်ပံ့ပေးနေသည့် နေအိမ်များ၊ ငှားရမ်းအသုံးပြုခွင့်ပေးခဲ့သည့် နေအိမ်များကို စတင်ချိတ်ပိတ်သိမ်းဆည်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။


အနုပညာရှင် အသိုင်းအဝိုင်းမှ ဆူပူအကြမ်းဖက် လှုံ့ဆော်သူများအပါအဝင် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်လှုပ်ရှားနေသော မိဘများက ယခုရက်ပိုင်းအတွင်း ၎င်းတို့၏ သားသမီးများကို အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာမှုများစွာ ထွက်ပေါ်လာခဲ့ပြီး ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရမည့်ဘေးမှ ကြိုတင်ရှောင်ရှားသည့်သဘောဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment