ပခုက္ကူ၊ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များနှင့် ပြည်သူလူထုများ စုပေါင်း၍ (၁၅) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကို ယနေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၆ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ မြဧရာ (၁)ခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ အခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်သည်တော်များက နမောတဿသုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မဟာဝိသုတာရာမ (အလယ်တိုက်)ရှိ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအရိယာဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ သာသနဝိပုလာရာမ (အနောက်တိုက်)ရှိ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တမေဓါဝံသ၊ မဟာဝိသုတာရာမ(အလယ်တိုက်)ရှိ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဇဝန၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီဟနှင့် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ရတနာသုံးပါးဂုဏ်တော်များ၊ အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် ကထိန်အနုမောဒနာ တရားတော်များနာယူကြည်ညိုကြသည်။
ဆက်လက်၍ သဲပုံစေတီ ဦးကြည်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယာမအား ကထိန်လျာဥတ်သင်္ကန်းကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင် ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ ဆရာတော်ကြီးများ ထံသို့ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှ အတမ်းများပေးဝေကြပြီးနောက် အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် များနှင့် ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်ကြီးများထံ သွားရောက်၍ ဩဝါဒခံယူပူဇော်ကန်တော့ကြကြောင်း၊ ပခုက္ကူခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် အများပြည်သူလူထုအလှူရှင်များ စုပေါင်းလှူဒါန်းသော (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူအဖြစ် ပခုက္ကူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ကထိန်မရရှိသေးသည့် ဦးကြည်တောင်သဲပုံစေတီကျောင်းအတွက် ပဒေသာပင်(၅)ပင်နှင့် ငွေသားကျပ် (၄၇၁၆၅၀၀)တို့အား ခွဲဝေလှူဒါန်းခဲ့ကြပြီး စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေကျပ် (၆၄)သိန်းကျော်ကို ရေစက်ချလှူဒါန်း နိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ဆလိုင်းကိုကီး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment