ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်အား စစ်တရားရုံးဖြင့်စစ်ဆေး၍ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်အား စစ်တရားရုံးဖြင့်စစ်ဆေး၍ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်


နေပြည်တော်၊ နိုဝင်ဘာ - ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုး သမီးတစ်ဦးအား စစ်သည်တစ်ဦးက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သဖြင့် ၎င်းစစ်သည်အား ဖော်ထုတ်၍ တရားဥပဒေအတိုင်း အရေးယူပေးစေလိုကြောင်း ဒေသခံအချို့က သက်ဆိုင်ရာသို့ တိုင်ကြားလာခဲ့သည်။

တိုင်ကြားသောကိစ္စရပ်သည် ပြည်သူလူထုနှင့် ပတ်သက်၍သော်လည်း ကောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းရသော်လည်းကောင်း၊ ကြီးလေးသည့် ရာဇဝတ်မှုမျိုးဖြစ်သည့်အတွက် သတင်းရရှိသည်နှင့်တပြိုင်နက် သက်ဆိုင်ရာ နယ်မြေသို့ တာဝန်ရှိသူများအား စေလွှတ်၍ စုံစမ်းဖော်ထုတ်ခြင်းများ ဆောင် ရွက်ခဲ့သည်။

စိစစ်ဖော်ထုတ်ချက်အရ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေ သော တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၇ ရက် နေ့လည် ၂ နာရီခန့်တွင် လိုအပ်သောအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တပ်သားအဆင့်ရှိ မင်းမင်းစိုး၊ ကျော်မျိုးဝေ နှင့် မိုးဝင်း တို့သုံးဦးသည် အခြေပြုနေရာမှ သောက်သုံးရေသွားရောက် ခပ်ယူစဉ် ရေဆိပ် အနီးရှိ တောင်ယာတဲအတွင်းမှ ခြံစောင့်ဖြစ်သူ အမျိုးသမီးတစ်ဦးအား  တပ်သား မင်းမင်းစိုး က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦးဖော်ထုတ် သိရှိခဲ့ရ သဖြင့် အဆိုပါစစ်သည်သုံးဦးအား သီးခြားစီခွဲ၍ ထပ်မံစစ်ဆေးခဲ့ရာ တပ်သား မင်းမင်းစိုး မှာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိ ရှိခဲ့ရသည်။

အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သည့် စစ်သည်အား စစ်စည်းကမ်းအရ အရေးယူ နိုင်ရေးအတွက် အများပြည်သူရှေ့မှောက်တွင် တရားစီရင်မှု (Open Court) စစ်တရားရုံးဖြင့် ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေးသွားမည်ဖြစ်ပြီး ယင်း ဖြစ်ရပ်မျိုးအတွက် လုံးဝသည်းခံခွင့်လွှတ်ခြင်း မရှိခဲ့သည့်အစဉ်အလာအတိုင်း ပြစ်မှုကျူးလွန်သူအား ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)