ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation အဖွဲ့ ဥက္ကဋ္ဌတို့ တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation အဖွဲ့ ဥက္ကဋ္ဌတို့ တွေ့ဆုံ



နေပြည်တော်၊ နိုဝင်ဘာ ၁၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ Mr. Yohei Sasakawa နှင့် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် The Nippon Foundation မှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်မည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနမှ လိုအပ်မည့် ဆေးနှင့်ဆေး ပစ္စည်း များ၊ ဆေးရုံ၊ ဆေးခန်းများ ဆောက်လုပ်လှူဒါန်းနိုင်မည့်ကိစ္စ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်နိုင်မည့်အခြေ အနေများ၊ ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရန် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက် နေသည့် ဆေးရုံဆောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက် ပေးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)