NLD အစိုးရလက်ထက်က အဂတိလိုက်စားခဲ့တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အမှု ၈ ခု ထပ်တိုးဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစိုးရလက်ထက်က အဂတိလိုက်စားခဲ့တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အမှု ၈ ခု ထပ်တိုးဖွင့်လှစ်


နေပြည်တော်၊ နိုဝင်ဘာ  ၁၇

NLD အစိုးရလက်ထက်က အတိလိုက်စားခဲ့ကြတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များအနက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၈ ခု ထပ်တိုးဖွင့်လှစ်ထားတယ်လို သိရပါတယ်။

ဒေါက်တာအေးဇံဟာ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးရယူခဲ့တဲ့အတွက် ဧပြီ ၇ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပြီး လက်ရှိမှာ ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ အမှုပေါင်း ၉ မှုအထိ ရှိခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းခဲ့တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့လည်း အမှုဖွင့် အရေးယူခံထားရပါသေးတယ်။

လက်ရှိမှာ ၄ရဲ့အမှုတွေကို ကျိုက်မရောအကျဉ်းထောင်က အထူးတရားရုံးမှာ စစ်ဆေးနေပြီး ယခုလကုန်ပိုင်းမှာ အပြီးသတ်အမိန့်ချမှတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)