ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းအား PDF အဖွဲ့မှ လက်နက်များဖြင့် လာရောက်တိုက်ခိုက်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းအား PDF အဖွဲ့မှ လက်နက်များဖြင့် လာရောက်တိုက်ခိုက်မှုဖြစ်ပွား



ရေစကြို နိုဝင်ဘာ ၁၄

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့လည် ၁၃ နာရီ ၁၄ မိနစ်အချိန်ခန့်က ပခန်းငယ်ရဲစခန်းအား PDF အဖွဲ့မှ လက်နက်များဖြင့် လာရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်ပွားရာနေရာနေရာသို့ ရေစကြိုမြို့နယ် မြို့နယ်ရဲမှူး ယာယီဒုရဲမှူး တင်လတ် ဦးစီး(၁၆)ဦး၊ ခလရ(၂၅၈)မှ ဗိုလ်ကြီး အောင်ရဲကျော် ဦးစီး(၁၀)ဦးတို့ ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များဖြင့် ရေစကြိုမှ ညောင်ဇောက်ကျေးရွာ- နွားထိန်းကျေးရွာ- စဉ့်ကိုင်ကျေးရွာ- ချစ်သူကျေးရွာ-ပခန်းငယ် ကျေးရွာသို့ တောလမ်းအတိုင်း ပခန်းငယ်ရဲစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်ထွက်ခွာသွားခဲ့ပြီး အလားတူ ပခုက္ကူခရိုင်ရဲမှူး ယာယီဒုရဲမှူးကြီး ခင်ဇော် ဦးစီး(၇)ဦး၊ ရတဖ (၃၅)မှ ဒုရဲအုပ်မျိုးကိုကိုချစ် ဦးစီး(၁၂)ဦး၊ လခရ(ပခုက္ကူ)အခြေပြုလှုပ်ရှားတပ်စု(၁)မှ ဒုရဲအုပ် အောင်နိုင်လင်း ဦးစီး(၆)ဦးတို့သည် မော်တော်ယာဉ်ဖြင့် ပခုက္ကူမြို့မှ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်ထွက်ခွာ ခဲ့ကြကြောင်းသိရသည်။


ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များဖြင့် ရေစကြိုမှ ညောင်ဇောက်ကျေးရွာ-နွားထိန်းကျေးရွာ-စဉ့်ကိုင်ကျေးရွာ သို့ရောက်ရှိပြီး ညနေ ၁၆ နာရီအချိန် ခြေလျင်ချီတက်ထွက်ခွာသွားစဉ် ကျေးရွာအထွက် (၅)ဖာလုံခန့်အကွာ မြေသားလမ်းပေါ်အရောက် လမ်း၏ယာဘက် (၅)ပေခန့် အကွာတွင် ရီမုမိုင်း(၁)လုံးပေါက်ကွဲခဲ့သဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းလွင် မျက်နှာပါးပြင်နှစ်ဖက်နှင့် အပေါ်နှုတ်ခမ်းတို့တွင် ပွန်းပဲ့ဒဏ်ရာ (၁)ချက်စီ၊ ဝဲလက်ခုံစုတ်ပြတ်၊ ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ ပေါက်ပြဲဒဏ်ရာ (၁)ချက်နှင့် ဝဲခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ၎င်းနေရာနှင့် ပေ(၃၀)ခန့်အကွာတွင် ရီမုမိုင်း(၁)လုံး ထပ်မံ၍ ပေါက်ကွဲခဲ့ပြီး လူ/ယာဉ်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရသည်။


ပခုက္ကူခရိုင်ရဲမှူး ယာယီဒုရဲမှူးကြီး ခင်ဇော်ဦးစီးပူးပေါင်းအဖွဲ့နှင့် ရေစကြိုမြို့နယ် မြို့နယ်ရဲမှူး ယာယီဒုရဲမှူး တင်လတ်ဦးစီးပူးပေါင်းအဖွဲ့သည် ပခန်းငယ်ရဲစခန်းသို့ PDF များ ထပ်မံလာရောက် တိုက်ခိုက်မှုမရှိစေရေး ရဲကင်းစခန်း၏ ပတ်လည်တွင် ခံတပ်များဖြင့် အသင့်နေရာယူ စိုးမိုးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။


ပခန်းငယ်ရဲစခန်းသို့ PDF များ လက်နက်များဖြင့်လာရောက် တိုက်ခိုက်စဉ်စခန်းအတွင်း ရဲတပ်ကြပ်ကြီး ခင်မောင်ဇော်၊ ရဲတပ်ကြပ် လေးမောင်၊ ရဲတပ်သား ကျော်ဇင်သန့်တို့ (၃)ဦးနှင့် မိသားစုဝင်(၅)ဦး ကျန်ရှိပြီး PDF အင်အား(၇၀)ဦးခန့်သည် မောင်းပြန်/လက်လုပ်သေနပ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်း၊ လက်လုပ်ဗုံး(၄)လုံးတို့ဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်းတို့ကြောင့် အင်အားမမျှ၍ ရဲတပ်ကြပ်ကြီး ခင်မောင်ဇော်ပါ (၃)ဦးနှင့် မိသားစုဝင်(၅)ဦးတို့သည် ရဲကင်းစခန်းနောက်ကြောဘက်မှ ဖောက်ထွက်ဆုတ်ခွာလာခဲ့ရာ PDF အဖွဲ့မှ ရဲကင်းစခန်းဝန်းအတွင်းသို့ ဝင်ရောက်၍ ရဲကင်းစခန်းမှူး နေအိမ်တွင်ထားရှိသော BA 63 (၁)လက် (FTR 9337/88)၊ ၇.၆၂ x ၅၁ ကျည်(၂၀၀)တောင့်၊ ကျည်ဘောက်(၄)ခု၊ BA 94(၁)လက် (A 02925)၊ ကျည်ဘောက်(၄)ခု၊ 9MM HV ကျည် (၂၀၀)တောင့်၊ MG1 လက်ပစ်ဗုံး(၂)လုံးတို့အား ယူဆောင်ကာ ရဲကင်းစခန်းအဆောက်အဦ၊ ရဲကင်းစခန်းမှူး နေအိမ်(၁)လုံးနှင့် ရဲကင်းစခန်းမှူး နေအိမ်ရှေ့ရှိတဲ(၁)လုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။


အဆိုပါမီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ အလျား(၃၈)ပေ၊ အနံ(၃၅)ပေ၊ အမြင့်(၁၅)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ စခန်းရုံးခန်း (၁၉၉၂ မတ် ၄ ရက်နေ့တွင် ဆောက်လုပ်ပြီး တန်ဖိုး ၂၀ သိန်း ကုန်ကျခဲ့)၊ အလျား(၃၄)ပေ (၂)လက်မ၊ အနံ (၃၄)ပေ၊ အမြင့် (၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ စခန်းမှူးနေအိမ် (၁၉၉၂ မတ် ၄ ရက်နေ့တွင် ဆောက်လုပ်ပြီး တန်ဖိုး ၈၃၅၀၀၀ ကျပ် ကုန်ကျခဲ့)၊ (၁၀ပေပတ်လည်၊ အမြင့် (၁၂)ပေခန့်ရှိ စခန်းမှူးနေအိမ်ရှေ့ရှိတဲ(၁)လုံး (ခန့်မှန်းတန်ဖိုး ၁ သိန်းကျပ်) တို့ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)