မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော ပြည်သူများအား Phase-4 ပထမအကြိမ်အဖြစ် စတင်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော ပြည်သူများအား Phase-4 ပထမအကြိမ်အဖြစ် စတင်ထိုးနှံ


မင်းဘူး၊ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော ပြည်သူများအတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်ကာကွယ်ဆေးများကို Phase-4 ပထမအကြိမ်အဖြစ် ဆေးထိုးစုရပ် (၂)နေရာခွဲပြီး ယမန်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ သတ်မှတ်နေရာများတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူပေါင်း (၁၃၃၇)ဦး ရှိကြောင်း သိရသည်။

Phase-4 ပထမအကြိမ်အဖြစ် Sinopharm မျိုးအစား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဆေးတစ်လုံးလျှင် ၅ ဦးနှုန်းဖြင့် မင်းပူးဦးဩဘာသ မြို့နယ်ခန်းမနှင့် စကုကန်ဦးသဘာဝ တရားရိပ်သာတို့၌ နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီအချိန်အထိ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များက ပူးပေါင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း (၆၆၆၀၀) ကျော်ရှိပြီး နှစ်ကြိမ်ထိုးနှံပြီးစီးသူ စုစုပေါင်း လူဦးရေ (၅၂၀၀၀)ကျော်ရှိပြီဖြစ်ကြောင်း၊ ယခုလက်ရှိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို Phase-2 ဒုတိယအကြိမ်ထိုးနှံခြင်းနှင့် Phase-4 ပထမ အကြိမ်ထိုးနှံခြင်းများကို တစ်ပြိုင်နက်ထဲ ဆောင်ရွက်ပေးနေကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ ဆေးထိုးစုရပ်များ၌ သတ်မှတ်ချိန်အတွင်း လာရောက် ထိုးနှံနိုင်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ထံမှ သိရသည်။

သတင်း - မောင်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)