ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူ(၁၃၅၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharmနှင့် Sinovacများ ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူ(၁၃၅၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharmနှင့် Sinovacများ ဆက်လက်ထိုးနှံပေးလျက်ရှိ


ဝမ်းတွင်း၊  နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံ ပြည်သူ များ၊ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmနှင့် Sinovacအား FirstDose၊ SecondDoseထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဒေသခံ ပြည်သူများအား ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm နှင့် SinovaအားFirstDose၊ SecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာများ အုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် Valunteerများနှင့် ကျောင်းသားကျောင်းသူများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေး အချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅) နှစ်ထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူ (၁၃၅၄)ဦးအား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ခြင်းလုပ်ငန်းများ ဆောင်ရွာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ လုပ်အားရှင်များနှင့် ဒေသခံပြည်သူများကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုရဲ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)