ထန်းတပင်၊ နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံနေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက် ကြသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ထန်းတပင်မြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမယ့် အခြေခံပညာကျောင်းပေါင်း (၁၀၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁) ကျောင်း၊ စုစုပေါင်း(၁၀၂) ကျောင်းရှိပြီး ယနေ့တွင် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၁၃၅)ဦးကို ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment