မင်္ဂလာဒုံ၊ နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်တွင် ယမန်နေ့ညပိုင်းက မြို့နယ်ကြက်ခြေနီ အရေးပေါ်ကားများဖြင့် ကြိုဆိုပြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးစခန်းတွင် ထားရှိ၍ ယနေ့နံနက်(၉)နာရီက ပြည်တော်ပြန်အမျိုးသား(၂၃)ဦး၊ အမျိုးသမီး (၃၆)ဦး စုစုပေါင်း(၅၉)ဦးတို့ကို RDT Test Kitဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဓါတ်ခွဲအတည်ပြုပြီး ပိုးတွေ့ရှိသော အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၁၁)ဦး စုစုပေါင်း(၂၂)ဦးတို့ ကိုပုလဲ ဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ပြီး ပိုးမရှိ သူများကို မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဟု သိရသည်။
ထို့ပြင်မြန်မာနိုင်ငံသို့ လေယာဉ်ခရီး၊ မော်တော်ယာဉ်ခရီးများဖြင့် ပြန်လည်ဝင်ရောက်လာသူများကို မင်္ဂလာဒုံ အဝေးပြေးယာဉ်ရပ်နားစခန်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစခန်းတွင် ရောက်ရှိကြောင်း စာရင်း သွင်းပြီး ထောက်ကြန့်စင်တာတွင် ကိုဗစ်-၁၉ရောဂါရှိ၊ မရှိစစ်ဆေးခံယူပြီးမှ မိမိတို့သွားလိုရာ အရပ်သို့ သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း - သန္တာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment