ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး (၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲဖြေဆိုနေကြသည့် စာဖြေသံဃာတော် များအား ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး (၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲဖြေဆိုနေကြသည့် စာဖြေသံဃာတော် များအား ဖူးမြော်ကြည်ညို



ရန်ကုန်၊ ဒီဇင်ဘာ  ၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏစာမေးပွဲဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များနှင့် စာဖြေ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော် ချမ်းသာကြီး တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ ဖြေဆိုလျက်ရှိသော သီးခြားစာချတန်း (၂၈)ပါး၊ သီးခြားစာသင် တန်း(၆၇)ပါးတို့  ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖြေဆိုနေမှုကို ဖူးမြော်ကြည်ညိုကြ သည်။

စေတိယင်္ဂဏစာမေးပွဲကြီးဖြစ်ပေါ်လာမှုမှာ ၁၈၉၄ ခုနှစ်တွင် စေတိယင်္ဂဏအသင်းကြီး စတင် တည်ထောင်ခဲ့ပြီး ၁၉၁၈ ခုနှစ်မှစတင်၍ စေတိယင်္ဂဏစာလျှောက်မေးပွဲကြီးကို ကျင်းပခဲ့သည်။ ၁၉၈၄ ခုနှစ်၊ (၆၇)ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲမှ စတင်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပခဲ့သည်မှာ ယခုနှစ်အထိ (၁၀၃)ကြိမ်မြောက် ရှိပြီဖြစ်သည်။

မန္တလေးမြို့တွင်လည်း မန္တလေးပရိယတ္တိသာသနာ့ဟိတအသင်းကြီးမှကြီးမှူး၍ ပရိယတ္တိ သာသနာဟိတ သကျသီဟသာမဏေကျော်စာမေးပွဲနှင့် စာချတန်းစာမေးပွဲတို့ကို ၁၉၀၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခုနှစ်အထိ (၁၁၈)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)