မော်လမြိုင်၊ ဒီဇင်ဘာ ၅
ရဟန်းသံဃာတော်များ၊ ဆရာ/ဆရာများနှင့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေသော အကြမ်းဖက် CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအဖွဲ့များ ဆန့်ကျင်ကန့်ကွက် ရှုတ်ချပွဲ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ပွဲကို မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)မှ သံဃာ တော်များ အမျိုးသားရေးညီကိုမောင်နှမများမှ ဦးဆောင်ကာ အင်းအား၂၀၀ကျော်ဖြင့် CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအဖွဲ့များ ဆန့်ကျင်ကန့်ကွက် ရှုတ်ချပွဲတွင် "ရဟန်းသံဃာတော်များအား အကြမ်းဖက် သတ်ဖြတ်နေတဲ့ NUG, CRPH, PDF အကြမ်းဖက်လူသတ်ကောင်းများ အလိုမရှိ၊ သံဃာကိုသတ်PDF - အလိုမရှိ၊ ပြည်သူကိုသတ် PDF - အလိုမရှိ၊ လူသတ်နိုင်ငံရေး - အလိုမရှိ" အစရှိသော ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
သံဃာတော်များနှင့် ပါဝင်ကြသူများက နံနက် ၉နာရီ၃၀မိနစ် အချိန်၌ မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်ပန်းခြံမှ စတင်ချီတတ်လမ်းလျှောက်ပြီး CRPH, NUG, NLD, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၄ ပါး ပျံလွန်တော်မူခဲ့ရပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၁၄၀၀ကျော် သေဆုံးခဲ့ရကြောင်း ကမ်းနားလမ်းမှာ စုဝေးဟောပြောခဲ့ပြီး နေ့လည်ခင်း ၁၁နာရီဝန်ကျင်ထိ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ပွဲများ ကျင်းပခဲ့ကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment