ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး





ရန်ကုန်၊ ဒီဇင်ဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးရန်ကျန်ရှိသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း ကို ယနေ့နံနက် ၉ နာရီမှစတင်ကာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၄) မူလွန်ကျောင်းတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် စတင်၍  သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ပြီး ဆေးရရှိမှုပေါ်မူတည်၍ ဒီဇင်ဘာ ၄ ရက်နေ့တွင် ဆက်လက် ထိုးနှံပေးခြင်းဖြစ်သည်။

ကျောင်သားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး ခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊/သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျဆောင်ရွက် ခဲ့ကြောင်း နှင့် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းမှ ကျောင်းသား ၆၂၅ ဦး၊ ကျောင်းသူ ၅၃၁ ဦး စုစုပေါင်း ၁၁၅၆ ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းမှ ကျောင်းသားကျောင်းသူစုစုပေါင်း ၃၈၈၉ ဦး ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်

သတင်း - မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)