စစ်တွေ၊ ဒီဇင်ဘာ ၁၀
ယနေ့ (ဒီဇင်ဘာ ၁၀ရက်) နံနက် ၉နာရီခွဲတွင် စစ်တွေမြို့၊ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းသားများအား အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြလေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
သရုပ်ပြသင်တန်းတွင် ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက် မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းသားတို့အား ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ အသုံးပြုပုံ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား) သင်တန်းသားများ လေ့ကျင့်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုနိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment