ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘာသာရေး အဖွဲ့အစည်းများထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်တွင် ပူးပေါင်းပါကြရေး တိုက်တွန်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘာသာရေး အဖွဲ့အစည်းများထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်တွင် ပူးပေါင်းပါကြရေး တိုက်တွန်းဆွေးနွေး

        





ဗန်းမော်၊ ဒီဇင်ဘာ    ၁၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော် ရဟတ် ယာဉ်ဖြင့် ဗန်းမော်မြို့သို့ ရောက်ရှိပြီး ပရိယတ္တိစာသင်တိုက်များ၊ ဘာသာရေး အဖွဲ့အစည်းများ နှင့် သွားရောက်တွေ့ဆုံလှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တပ်မ(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့၊ ခွန်သာရပ်ကွက် မြို့လေးထပ်ပရိယတ္တိစာသင် တိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ နှင့် ဝတ္ထု ငွေကျပ် ၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်တွင်း ကျောင်းနေ သံဃာတော်များ၊ ကျောင်းသားများအား ပြည့်မီစွာထိုးနှံပေးနိုင်ရေး လျှောက်ထားတင် ပြပြီး လိုအပ်ချက် များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာကန်ဦးပရိယတ္တိ စာသင် တိုက်၊ သိမ်တော်ကြီးပရိယတ္တိစာသင်တိုက်တို့ကို သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် တို့အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေကျပ် ၂ သိန်းစီကို ပေးအပ်လှူဒါန်း ခဲ့ကြ သည်။

အလားတူ ဗန်းမော်မြို့ ကတ်သလစ်အသင်းတော် ဘုန်းတော်ကြီးရုံးနှင့် ဗန်းမော်ခရိုင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်တို့မှ ဘာသာရေးခေါင်းဆောင်များကို သွားရောက်တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပြည်သူများအားလုံးပူးပေါင်းပါဝင်ထိုးနှံစေရေး ဘာသာရေး အဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင် တိုက်တွန်းနှိုးဆော်ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကာ အသင်းတော်များအတွက် ခရစ်စမတ်လက်ဆောင် လှူဖွယ်ပစ္စည်းများနှင့် ငွေကျပ် ၂ သိန်းစီကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)