ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၈
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများ ကျပ်အတည်းအပေါ် စည်းလုံးညီညွတ်မှုရှိကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ဒီဇင်ဘာ ၇ ရက်၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအေဂျင်စီ (UNHCR) မှ စာရင်းအင်းများအရ ကမ္ဘာတစ်ဝန်း ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာထွက်ပြေးသူများ အရေအတွက် စုစုပေါင်းသည် မြင့်တက်နေဆဲဖြစ်ပြီး သန်း ၈၀ ကျော်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတကာဥပဒေနှင့်အညီ လိုအပ်သော ကာကွယ်မှုနှင့်အတူ ဒုက္ခသည်များအား ပံ့ပိုးရန် လူသားဆန်မှုစိတ်ဓာတ်၊ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုနှင့် အရင်းအမြစ်များ စုစည်းရန် ကတိကဝတ်ကို ဆက်လက်ထားရှိရမည်ဖြစ်ကြောင်း ကျန်းကျွင်း (Zhang Jun) က ပြောခဲ့သည်။
“ဒုက္ခသည်အရေး ဖြေရှင်းဖို့က သမိုင်းဝင်ရှုထောင့်တွေနဲ့ ပြည်တွင်းရေးအခြေအနေတွေက ဘယ်လိုလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ နိုင်ငံအားလုံးအနေနဲ့ သူတို့ရဲ့ တာဝန်ယူမှုတွေကို လက်ခံရမည်ဖြစ်ကြောင်း ၎င်းက လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။ “အခုဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကမ္ဘာတစ်ဝန်းက ဒုက္ခသည် ၈၆ ရာခိုင်နှုန်းကို လက်ခံထားရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ဖိစီးမှုနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို သက်သာလျော့ပါးရေး ကူညီဖို့ လုပ်နိုင်စွမ်းရော တာဝန်ရောရှိပါတယ်”
ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေတွင် နိုင်ငံများအားလုံးအနေဖြင့် ၎င်းတို့၏ ကပ်ရောဂါတုံ့ပြန်ရေးအစီအမံများတွင် ဒုက္ခသည်များအား ထည့်သွင်းထားရမည်ဖြစ်ကြောင်းနှင့် မရှိမဖြစ် ကာကွယ်ပေးခြင်းနှင့်အတူ ဒုက္ခသည်များအား ပံ့ပိုးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒုက္ခသည်များအရေးအပေါ် ပြောကြားရာ၌ စံနှုန်းနှစ်မျိုးထားရှိခြင်းနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှုကို ရှောင်ရှားရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတကာ ဒုက္ခသည်မျာ ကာကွယ်ရေးယန္တရားသည် အကြမ်းဖက်သူများ သို့မဟုတ် ပြစ်မှုကျူးလွန်သူများမှ နှောင့်ယှက်ခြင်း မပြုသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
လက်နက်ကိုင်အကြမ်းဖက်ခြင်းသည် နေရပ်စွန့်ခွာထွက်ပြေးမှုကို အဓိကဖြစ်ပေါ်စေခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရာတွင် ကနဦးတာဝန်ယူမှုအပေါ် အလေးထားရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် အခြေအနေဖန်တီးရန်နှင့်အတူ ဒေသတွင်း နိုင်ငံရေးတင်းမာမှုကိစ္စရပ်များ အခြေကျရေးအတွက် တွန်းအားပေးရမည်ဖြစ်ကြောင်း ကျန်းက ဆိုသည်။
နိုင်ငံ အချုပ်အခြာအာဏာအတွက် လေးစားမှုအပေါ် အခြေခံ၍ လူသားချင်းစာနာထောက်ထားမှု ရှိရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်စည်းမျဉ်းများကို တင်းတင်းကြပ်ကြပ် လေ့လာရန်နှင့် နိုင်ငံရေးလှုပ်ရှားမှုအတွက် ဒုက္ခသည်များအရေး အသုံးချြခင်းမှ ရှောင်ကြဉ်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ရမည်ဖြစ်ကာ တစ်ဖက်သတ် ပိတ်ဆို့မှုများကိုလည်း လျှော့ချရမည်ဖြစ်သလို ဖိအားအလွန်အကျွံကိုလည်း ရှောင်ရှားရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံများအနေဖြင့် ဝန်ထုပ်ဝန်ပိုးများ ပိုမိုရရှိမည့်အစား ကူညီမှုကို ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ပါလက်စတိုင်းမှ ဒုက္ခသည်းများအား အလေးထားလျက် တရုတ် သံတမန်က ယင်းကိစ္စနှင့်ပတ်သက်၍ အားလုံးပါဝင်မှုကို ချက်ချင်းနှင့် ကာလရှည်အဖြေရှာရန်အတွက် တိုက်တွန်းပြောကြားခဲ့သည်။ ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေး အကူအညီကလည်း လစ်ဗျား၊ ဆီးရီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံရှိ နေရပ်စွန့်ခွာထွက်ပြေးသူများ ခံစားမှုကို သက်သာစေရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ကမ္ဘာပေါ်ရှိ အချို့သောသူများသည် ပြည်ပမှ စစ်ရေးစွက်ဖက်မှုနှင့် ပြင်ပမှ “ဒီမိုကရေစီအသွင်ကူးပြောင်းမှု” ကြောင့် ဒုက္ခသည်များ ဖြစ်လာခဲ့ရကြောင်း ကျန်းက ပြောခဲ့သည်။ အခြားနိုင်ငံများအား တည်ငြိမ်မှုပျက်ပြားစေရေးအတွက်လုပ်ဆောင်သူများသည် ပြန်လည်တည်ဆောက်ရေး ပံ့ပိုးရန်နှင့် ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကနဦးတာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
ဒုက္ခသည်အရေအတွက် အမြောက်အများရှိနေသည့် အာဖရိက အခြေအနေနှင့်ပတ်သက်၍မူ UNHCR အနေဖြင့် အာဖရိကအား အရင်းအမြစ်များနှင့် အကူအညီအတွက် ဦးစားပေးနေရာ၌ထားရှိရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ကျန်းက ဆိုသည်။
ထို့ပြင် ၎င်းက လုံခြုံရေးကောင်စီနှင့် အခြားဆက်စပ်သော ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေတို့အနေဖြင့် ဒုက္ခသည်အရေး အာရုံစိုက်ရန်နှင့် စိုးရိမ်ပူပန်သော နိုင်ငံများအား ကူညီပံ့ပိုးရန် တိုက်တွန်းပြောကြားခဲ့သည်။
အရှေ့ဥရောပရှိ အချို့သောနိုင်ငံများရှိ နယ်စပ်နေရာများမှ ဒုက္ခသည်ပြဿနာအကြောင်း ပြောကြားရာတွင် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ အဖြေရရှိရန် လိုအပ်ကြောင်း ကျန်းက ဆိုသည်။
ဥရောပရှိ ဒုက္ခသည်များ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာအပေါ် အာမခံရန် အလေးထားပြောကြားလျက် ၎င်းက ဒုက္ခသည်များအား သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ခြင်း သံသယရှိထားသော လစ်သူယေးနီးယား နယ်စပ်ရဲတပ်ဖွဲ့ သတင်းများအပေါ် တရုတ်နိုင်ငံအနေဖြင့် များစွာစိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment