ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်



နေပြည်တော်၊ ဒီဇင်ဘာ ၈


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေး ထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။


အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ယခုချုပ်ဆိုမည့် Memorandum of Agreement တွင် ရေရှည်ညှိနှိုင်း ဆောင်ရွက်ရမည့် လယ်ယာဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခြင်းအပြင် ကာလတိုတွင် အကျိုးရှိပြီး ချက်ချင်းဖော်ဆောင်နိုင်မည့် ကုန်သွယ်မှု အပိုင်းကိုပါ ထည့်သွင်းထားခြင်းသည် ပိုမိုကောင်းမွန်အကျိုးရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ MOA အရ ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓါတ်မြေသြဇာများကို နှစ်စဉ်နှစ်ဖက်ညှိနှိုင်းမှုဖြင့် ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ခြင်းကို ဝန်ကြီးဌာန အနေဖြင့် အထူးအားပေးပါကြောင်း၊  မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာကဏ္ဍမှထွက်ရှိသည့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံစသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို အရည်အသွေး ပြည့်မီစွာ တင်ပို့နိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်မှု ရရှိရေးသည် လွန်စွာအရေးကြီးသည့် ကိစ္စရပ်ဖြစ်ပါ ကြောင်း၊ လယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံ၏ Belt and Road အစီအစဉ်နှင့် ချိတ်ဆက်ပူးပေါင်းကာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေး၊ စာနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် တောင်သူလယ်သမားများ၏ စီးပွားရေးအခွင့်အလမ်းများ တိုးတက်ရရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုပါ ဖော်ဆောင်ပေးရန် အရေးကြီးကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ CITIC Group ဥက္ကဋ္ဌ Mr. Chen Xiaojia တို့က အမှာစကားပြောကြားသည်။


ဆက်လက်၍ လယ်ယာကဏ္ဍထုတ်ကုန်များအတွက် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက်နိုင်ရန်  MOU အဆင့်မှ MOA  အဆင့်တိုးမြှင့်ချုပ်ဆိုခြင်း စာချုပ်ကို လက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)