လီဆူတိုင်းရင်းသားသမိုင်းကြောင်းစာအုပ်နှင့် လီဆူတိုင်းရင်းသားဝတ်စုံ လှူဒါန်းခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လီဆူတိုင်းရင်းသားသမိုင်းကြောင်းစာအုပ်နှင့် လီဆူတိုင်းရင်းသားဝတ်စုံ လှူဒါန်းခြင်းအခမ်းအနား ကျင်းပ




နေပြည်တော်၊ ဒီဇင်ဘာ  ၈

၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်  လီဆူတိုင်းရင်းသား သမိုင်းကြောင်း စာအုပ်နှင့် လီဆူတိုင်းရင်းသား ဝတ်စုံလှူဒါန်းခြင်း အခမ်းအနားကို  ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် သမိုင်းပညာရှင် ဒေါက်တာခင်စောနွဲ့ (ပါမောက္ခ ဌာနမှူး - ငြိမ်း)၊ ရန်ကုန် တက္ကသိုလ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်တို့ထံ လီဆူတိုင်းရင်းသား သမိုင်းကြောင်း စာအုပ်အား ပေးအပ် လှူဒါန်း ခဲ့ပြီး နေပြည်တော်ရှိ လီဆူတိုင်းရင်းသား မျိုးနွယ်စုကိုယ်စား ဦးဇယ်ဒေါင်(ခ) လာအားဆာက လီဆူ တိုင်းရင်းသားဝတ်စုံများကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊  မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက အထွေထွေဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့ တွင် အောင်မြင်မှုများ ရရှိသကဲ့သို့ ယခုပြုလုပ်မည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”(တတိယ)အကြိမ် ပွဲတော်ကို Virtual Celebration ဖြင့် ကျင်းပထုတ်လွှင့်ခြင်းဖြင့် တစ်ကမ္ဘာလုံးက ကြည့်ရှုနိုင်မည် ဖြစ်သည့်အတွက် အခက်အခဲစိန်ခေါ်မှုများရှိသော်လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်မည်ဆို ပါက အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)