နေပြည်တော်၊ ဒီဇင်ဘာ ၈
ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာတွင် လူ(၁၁)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်သယောင် RFA, BBC ပြည်ဖျက်မီဒီယာများတွင် အများပြည်သူ အထင်လွဲ အမြင်လွဲဖြစ်စေရန် ရေးသားဖော်ပြထားသည့်အပေါ် မြန်မာနေရှင်နယ်ပို့စ် က သတင်းမှန် ပြန်ကြားရေး သို့ ဆက်သွယ်မေးမြန်းရာ ပြည်ဖျက်မီဒီယာများနှင့် ပူးပေါင်းပြီး လုပ်ကြံဖြန့်ချီထားသည့် သတင်းဖြစ်ကြောင်း သတင်းမှန် ပြန်ကြားရေးက ပြန်လည်ဖြေကြားထားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ်က "ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာမှာ ၁၁ ဦး မီးရှို့ အသတ်ခံရတယ်လို့ အကြမ်းဖက်လှုံ့ဆော်သတင်းဌာန တစ်ခုဖြစ်တဲ့ RFA ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ NLD, PDF အကြမ်းဖက်အဖွဲ့တွေကို ကာကွယ်ရေးသေားပေးလေ့ရှိတဲ့ RFA ရဲ့ ဖော်ပြချက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြစ်မဲ့ တဲထိုးနေသူတွေကို မီးရှို့သတ်ဖြတ်တယ်ဆိုတဲ့ သဘော ရေးသားထားတဲ့အပေါ် မှာ - ဒီကာလအတွင်း တပ်မတော်သား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဆန်ဆန် လုပ်ရပ်မျိုးတွေ လုပ်ခဲ့တာ မတွေ့ရဘဲ NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတွေကသာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် လူမဆန်စွာ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဒုံးတောဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းမှန်ကို ထုတ်ပြန်ပေးပါရန်" ဆက်သွယ်မေးမြန်းခဲ့သည်။
သတင်းမှန် ပြန်ကြားရေးက "၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် PDF အဖွဲ့များနှင့် မိမိတပ်များ တိုက်ခိုက်မှုဖြစ်စဉ်မရှိကြောင်း သိရှိရပါသည်။ ယခု Social Media ပေါ်တွင် ပျံ့နှံ့ဲနေသော သတင်းသည် ပြည်ဖျက်မီဒီယာများနှင့် ပူးပေါင်းပြီး ၎င်းတို့ကိုယ်တိုင် လုပ်ကြံဖြန့်ချိသည့် သတင်းသာဖြစ်ကြောင်းနှင့် သတင်းအမှားသာ ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။" ဟု ပြန်လည်ဖြေကြားထားသည်။
အဆိုပါ RFA, BBC အစရှိသော ပြည်ဖျက်မီဒီယာများသည် NLD, PDF အကြမ်းဖက်သမားများ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများအပေါ် ကာကွယ်ပေးရေးသားပြီး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားဖော်ပြလေ့ ရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment