မေတ္တာမြို့၌ တာရှည်ခံဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေတ္တာမြို့၌ တာရှည်ခံဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေပေး





မေတ္တာ၊ ဒီဇင်ဘာ   ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ၊ အမှတ်(၁)ရပ်ကွက်တွင် ယမန်နေ့က တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့တာရှည်ခံ ဆေးစိမ်ခြင်ထောင်များဖြန့်ဝေရာတွင် မေတ္တာမြို့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအဖွဲ့ တို့ကအမှတ်(၁)ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ "ဒီတာရှည်ခံဆေးစိမ်ခြင်ထောင်များကို မေတ္တာမြို့ရှိဒေသခံ ပြည်သူများအတွက် ၂၀၂၁ခုနှစ်၊ မေလကတည်းကဖြန့်ဝေပေးခဲ့တာ၊ ဒါပေမယ့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေတဲ့ကာလဖြစ်တာရယ်၊ လူစုလူဝေးလည်း လုပ်လို့မဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ မဖြန့်ဝေဖြစ်တာပါ။ ခုမှပြန်လည်ဖြန့်ဝေ ဖြစ်တာပါလို့. တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

မေတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ခြေ(၂၅၆)ခုအတွက် တာရှည်ခံဆေးစိမ်ခြင်ထောင် အလုံးပေါင်း(၈၈၀)လုံးကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - နန်းခလိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)