နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ယနေ့ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီဒီယိုမက်ဆေ့ဖြင့် အမှာစကားပြောကြားခဲ့ရာ ငြိမ်းချမ်းရေးကို လိုချင်ရင် ငြိမ်းချမ်းရေးကို လိုချင်တဲ့ စစ်မှန်တဲ့ ဆန္ဒ ရှိရမှာဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ထည့်သွင်းပြောကြားသွားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမှာစကားတွင် "ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေမှာ အမြဲပြောဆိုတဲ့စကား ရှိပါတယ်။ ဒါကတော့ ဆန္ဒ ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် ငြိမ်းချမ်းရေးကို လိုချင်တဲ့ စစ်မှန်တဲ့ ဆန္ဒ ရှိရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေလိုတယ်၊ သာယာဝပြောစေလိုတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက် သာယာဝပြောလိုတဲ့ ဆန္ဒနဲ့ လုပ်ဆောင်ချက်တွေ ရှိရပါမယ်။ ဒီဆန္ဒ၊ သဘောထားနဲ့ ကျွန်တော်တို့ရဲ့ တစ်ပေါင်းတစ်စည်းတည်း စုပေါင်းဆောင်ရွက်မှုတွေ ရှိလာရင် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးအတွက် မဖြစ်နိုင်စရာဆိုတာ မရှိဘူး" ဟု ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။
သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၁)ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment