ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲပဌာန်းသိမ်းအောင်ပွဲအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲပဌာန်းသိမ်းအောင်ပွဲအခမ်းအနား တက်ရောက်






ဘားအံ၊ ဒီဇင်ဘာ   ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့၏ ကျက်သရေဆောင် သေဌမာရ်အောင်ဘုရားကြီး၌ တတိယအကြိမ်မြောက် ဆင်ယင်ကျင်းပ ပြုလုပ်သည့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ  ပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယနေ့ မွန်းတည်း ၁၂ နာရီခန့်က အဆိုပါဘုရားကြီး၏ ဂန္ဓကုဋိတိုက်ပရဝုဏ်အတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်အပေါင်း တို့က မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ် တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား  လှူဖွယ်ဝတ္ထု ပစ္စည်း များနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အသံမစဲမဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ  ပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)