မြိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဘတ်စကက်ဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဘတ်စကက်ဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ





မြိတ်၊ ဒီဇင်ဘာ   ၁၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၁၂)ရက် ညနေပိုင်းက မြိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘတ်စကက်ဘော  (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပရာတွင် တော်ဝင်ပုလဲ (က)အသင်းနှင့် တော်ဝင်ပုလဲ(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တော်ဝင်ပုလဲ(က)အသင်းက အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲကို ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှု အားပေးခဲ့ကြသည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ပေးကြသည့် ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်များ၊ ဒုတိယနှင့် ပထမဆုရရှိသောအသင်းများမှ အားကစားသမားများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အကောင်းဆုံး အားကစားသမားဆုနှင့် ပထမဆုရရှိသော အသင်းအား တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားနှင့် ကာယပညာကော်တီဥက္ကဋ္ဌ  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်း က ပေးအပ်ချီးမြှင့်ခဲ့သည်။

ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ၌ အလွတ်တန်း(၃)ယောက်တွဲ ပြိုင်ပွဲဝင်အသင်း(၆)သင်း၊ လူသစ်တန်း (၃)ယောက်တွဲ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘတ်စကက်ဘော အားကစားတိုးတက်အောင်မြင်ရေးအတွက် မြိတ်-ထားဝယ် (၅)ယောက်တွဲပြိုင်ပွဲ သရုပ်ပြယှဉ်ပြိုင်ကစားခဲ့ကြ၍ ပြိုင်ပွဲကို ဒီဇင်ဘာ(၁၁)ရက်မှ(၁၂)ရက်ထိ ကျင်းပခဲ့ကာ ပြိုင်ပွဲဝင်အားကစားသမား(၆၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)