ငွေဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ပထမအကြိမ်) ထိုးနှံပြီးသူ (၁၀၁၅၀)ဦးခန့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ပထမအကြိမ်) ထိုးနှံပြီးသူ (၁၀၁၅၀)ဦးခန့်


ငွေဆောင်၊ ဒီဇင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့တွင် ငွေဆောင်မြို့ဦးဓမ္မာရုံတွင် ဆက်လက်ထိုးနှံခဲ့သည်။ ထို့သို့ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးစီး၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ငွေဆောင်ပရဟိတလူငယ်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

ငွေဆောင်မြို့တွင် ဒီဇင်ဘာလ ၇ ရက်နေ့အထိ (၁၀၁၅၀) ဦးအား ပထမအကြိမ်နှင့် (၇၅၄၆) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း - မူမူ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)