၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၂၅) နှစ် နှင့်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၂၅) နှစ် နှင့်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


ပုသိမ်၊ ဒီဇင်ဘာ   ၁၅

ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၂၅)နှစ်နှင့်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပရာ စစ်ကြောင်းမှူး ဦးဆောင်ကာ ပြိုင်ပွဲဝင်အားကစားအသင်း(၂၆)သင်းနှင့် အုပ်ချုပ်သူများ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက်  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အလေးပြုခံစင်မြင့်တွင် အားကစားသမားများ၏ အလေးပြုခြင်းကိုခံယူ၍ အဖွင့်မိန့်ခွန်း ပြောကြားရာ တွင် “ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်များကတော့ ကိုဗစ်-၁၉ ကာလမှာ ရပ်နားထားခဲ့ရတဲ့ အားကစားလှုပ်ရှားမှုများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ပြန်လည်ပြုလုပ်လာနိုင်စေဖို့၊ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေဖို့နဲ့ မြို့နယ်တစ်ခုနဲ့တစ်ခု အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုရကာ ပူးပေါင်းဆောင်ရွက်လာနိုင်ကြမှာဖြစ်ကြောင်း ပြောကြား”ခဲ့ပါ သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။

ပြိုင်ပွဲပထမနေ့အဖြစ် ဆက်လက်ကျင်းပရာ အမျိုးသားအသင်း ပုသိမ်အသင်းနှင့် ဖျာပုံခရိုင် အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမျိုးသမီးပွဲစဉ်တွင် ပုသိမ်အသင်းနှင့် ဇလွန်အသင်းတို့ ယှဉ်ပြိင်ခဲ့မှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုးနှင့်ဇနီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းအဆင့်ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေးခဲ့ကြသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)