ဒိုက်ဦးမြို့နယ်၌ ဖူဆယ်ဘောလုံးအားကစားပြိုင် ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ ဖူဆယ်ဘောလုံးအားကစားပြိုင် ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်



ဒိုက်ဦး၊ ဒီဇင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ အားကစားဖွံ့ ဖြိုးတိုးတက်ရေး(TSDP)အရ ပြုလုပ်သောအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင်ပြိုင်ပွဲဝင် အားကစားအသင်း(၁၀)သင်းသည် ဒီဇင်ဘာလ (၁၂)နေ့မှ စတင်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့နောက်ဆုံး ဗိုလ်လုပွဲတွင် Tiger FC နှင့် Goat FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Goat FC အသင်းမှ Tiger FC အသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။

အဆိုပါအနိုင်ရ ဗိုလ်ဆွဲခဲ့သော အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမြင့် ကပထမငွေသားဆု(၄)သိန်းနှင့် ငွေဖလားဆုအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ပြိုင်ပွဲတွင် ပထမငွေသား(၄)သိန်းကျပ်၊ ဒုတိယဆုငွေသား(၃)သိန်းကျပ်နှင့် တတိယဆု ငွေသား(၂)သိန်းကျပ်တို့အား အသီးသီးချီးမြှင့်ခဲ့သည်။ အခမ်းအနား သို့မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပဲခူးခရိုငအားကစားနှင့် ကာယပညာကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒိုက်ဦးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားသမားများ၊ ဝါသနာရှင်ပြည်သူများသည် ကိုဗစ်-၁၉ စည်းကမ်းနှင့် အညီတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)