ပန်းတနော်မြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေး


ပန်းတနော်၊ ဒီဇင်ဘာ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံစိုက်တောင်သူများအား ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ပန်းတနော်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ယမန်နေ့နံနက်ပိုင်းက စတင်၍ ကျေးရွာအုပ်စု ၄ အုပ်စုအား ထုတ်ချေးပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်  ဘဏ်ချေးငွေများ ပြန်လည် ပေးချေပြီးသည့် တောင်သူများအား ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး ဆောင်းစပါးတစ်ဧကလျှင် ငွေကျပ် (၁၅၀,၀၀၀) နှုန်း၊ ပဲသီးနှံတစ်ဧကလျှင် ငွေကျပ် (၁၀၀,၀၀၀)နှုန်း တို့ဖြင့် ထုတ်ချေးပေးလျက်ရှိရာ ဒီဇင်ဘာ ၃ ရက်နေ့၌ အင်းတကောကျေးရွာအုပ်စု၊ ပသွယ်ကျေးရွာ အုပ်စု၊ ဆင်လမ်းကြီးကျေးရွာအုပ်စုနှင့် ကညင်ငူကျေးရွာအုပ်စုတို့ရှိ တောင်သူ (၈၀)ဦးခန့်အား ထုတ်ချေးပေးလျက် ရှိကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)