မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲကျင်းပ


မော်လမြိုင်၊ ဒီဇင်ဘာ  ၁၂

၂၀၂၁ခုနှစ်၊ မွန်ပြည်နယ် မော်လမြိုင်ခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၆)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊  အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ    ဗိုလ်လုပွဲနှင့်     ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက   မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမတွင်  ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၉  ရက်နေ့မှ ၁၁ ရက်နေ့ထိ  ယှဉ်ပြိုင်ကစားခဲ့ရာတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းအလိုက်၊ အသင်းအုပ်စုလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် အမျိုးသား၊ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုများကို ရရှိကြသည့် မြို့နယ်များအား မော်လမြိုင်ခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယု၊   အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်)မှ ကျောင်းအုပ်ကြီးနှင့် ဒုတိယ ကျောင်းအုပ်ကြီးများ၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်   ဒုတိယ ညွှန်ကြားရေးမှူးများ၊  ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက  ငွေသားဆုများ၊ ဆု တံဆိပ်နှင့် တံခွန်စိုက်ဖလားဆုများ အသီးသီး ချီးမြှင့်ပေးသည်။

မွန်ပြည်နယ်အနေဖြင့်   မြန်မာ့အားကစား  အဆင့်အတန်း တိုးတက်မြင့်မားစေရေး အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍  ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု နှင့်အတူ အားကစား နည်းအလိုက် ဆပ်ကော်မတီများ၏ တက်ကြွစွာ ပူးပေါင်း လုပ်ဆောင်မှု၊   အားကစားသမားများ၏ ဇွဲ၊ စိတ်ဓာတ်၊  လုံ့လတို့ဖြင့်  ယှဉ်ပြိုင်ကြခြင်း ဖြစ်ပြီး  ကိုဗစ်-၁၉ အလွန်ကာလများ     အားကစားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အားကစား ပြိုင်ပွဲများ   ဆက်လက်ကျင်းပ သွားမည်ဖြစ်ရာ   မြို့နယ်၊ ခရိုင်အဆင့်မှ ပြည်နယ်အဆင့် ထိ  မျိုးဆက်သစ် အားကစားသမားကောင်းများ  ပေါ်ထွက်လာစေရန် ရည်ရွယ်ချက် ကောင်းများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်၊၊

သတင်း - ဇာဖြူဝင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)