သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ


 သရက်၊ ဒီဇင်ဘာ   ၁၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက  ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ဆေးပုလင်း အလုံးရေ(၈၄၅၆) လုံးရရှိခဲ့ပြီး ဆေးထိုးနှံပြီးသူ(၃၇၃၁၄)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာအုပ်စုများ တွင်လည်း အဖွဲ့များခွဲ၍ နေ့စဉ်ဆောင်ရွက်ပေး လျက် ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။                                                                                                 

 သတင်း - ဇော်ဝမ်းထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)