သရက်၊ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ဆေးပုလင်း အလုံးရေ(၈၄၅၆) လုံးရရှိခဲ့ပြီး ဆေးထိုးနှံပြီးသူ(၃၇၃၁၄)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာအုပ်စုများ တွင်လည်း အဖွဲ့များခွဲ၍ နေ့စဉ်ဆောင်ရွက်ပေး လျက် ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတင်း - ဇော်ဝမ်းထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment