Pages

Pages

မင်းလှမြို့နယ်မယ်ဇလီတောကျေးရွာတွင် ကျေးရွာမြေငှားဂရံပေးအပ်နိုင်ရေးမြေတိုင်းတာခြင်းဆောင်ရွက်


အထက်မင်းလှ၊ ဒီဇင်ဘာ   ၁၅           

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်မြို့နယ်မြေစီမံခန့်ခွဲ‌ရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကျေးရွာမြေငှား ဂရံပေးအပ်နိုင်ရေးမြေတိုင်းတာဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါမြေတိုင်းတာဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်မြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန မှမြို့နယ်ဦးစီးမှူး ဦး‌ကျော်နိုင်ဝင်းနှင့်ဝန်ထမ်းများ ကမယ်ဇလီတောကျေးရွာတွင်‌ ကျေးရွာမြေငှားဂရံပေး အပ်နိုင်ရေးအတွက် ၂၀၁၉ခုနှစ်၊ နယ်နမိတ်တိုင်းတာပိုင်းခြား သတ်မှတ်‌ရေးဥပဒေပြဋ္ဌာန်း ချက်နှင့်အညီ ကွင်းဆင်းတိုင်းတာ‌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

သတင်း - ဇာဇာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment