ပုသိမ်၊ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ သာသနာတော် ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်တစ်ဦးကို သာသနာနဂ္ဂဟဘွဲ့တံဆိပ် ချီးမြှင့် အပ်နှင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ ကျင်းပရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး “ထူးမခြားနား သီချင်းခံ” သုံးပိုဒ်ဖြင့် ပူဇော်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ထေရဝါဒ ဗုဒ္ဓအဆုံးအမ ပရိယတ္တသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာ သနာတော်မြတ် (၃) ရပ်သည် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တော် မူကြသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် သာသနာတော်ကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းကြသည့် ဒါယကာ/ဒါယိကာမများ၊ ဆရာ/ဒကာ လက်တွဲညီညာစွာ ဆောင်ရွက်လျက်ရှိကြသည့်အတွက် နေလပမာ ထွန်းလင်း တောက်ပဝေဖြာလျက်ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ကျောင်းတိုက်ကြီးများတွင် စာသင်စာချ၊ ဝိပဿနာတရားများ နည်းလမ်းညွှန်ကြား ပြသလျက်ရှိသော သာသနာ့ဦးသျှောင်ဆရာတော်ကြီးများကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ်အပ်နှင်း ပူဇော်ခြင်းနှင့် သာသနာတော်ကို ချီးမြှောက်ထောက်ပံ့လှူဒါန်းကြသည့် လူပုဂ္ဂိုလ်များကို သာသနာ တော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့များ နှစ်စဉ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ချီးမြှင့် အပ်နှင်းလျက်ရှိပါကြောင်း”ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်က ဂုဏ်အင်္ဂါအရည်အချင်းများနှင့်ပြည့်စုံသည့် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအရှေ့၊ ၇ ရပ်ကွက်၊ အမှတ်(၃၀၄)နေ၊ နေတံခွန် ကုန်စည်ပို့ဆောင် ရောင်းဝယ် ရေးနှင့် ရတနာမိုးအထည်ချုပ် စက်ရုံလုပ်ငန်းလုပ်ကိုင်နေသူ ဦးနေဝင်းကို “သီဟသုဓမ္မ မဏိဇောတဓရ” သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းပြီး “ ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူး၊ ဧရာဝတီလေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment