ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဒုတိယအကြိမ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဒုတိယ(၆)လပတ် ကောင်စီညှိနှိုင်းအစည်းအဝေး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဒုတိယအကြိမ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဒုတိယ(၆)လပတ် ကောင်စီညှိနှိုင်းအစည်းအဝေး တက်ရောက်


နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ဒုတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဒုတိယ(၆)လပတ် ကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က Virtual စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း  သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က အင်ဂျင်နီယာကောင်စီတွင် ကောင်စီက အသိအမှတ်ပြုသည့် ဘွဲ့နှင့် ဒီပလိုမာများကို ထုတ်ပြန်ကြေညာခြင်း၊ ပြည်တွင်းပြည်ပမှဘွဲ့၊ ဒီပလိုမာရသူများကို အသိအမှတ်ပြုခြင်းနှင့် ငြင်းပယ်ခြင်း၊ ဘွဲ့၊ ဒီပလိုမာရသူများ၏ လိုအပ်သည့် လုပ်ငန်းဆိုင်ရာ အရည်အချင်းသတ်မှတ်ခြင်း၊ ကျင့်ဝတ်သိက္ခာ သတ်မှတ်ခြင်းနှင့် လိုက်နာစောင့်ထိန်းရန် ကြီးကြပ်ခြင်း၊ အရည်အသွေးနှင့် အဆင့်အတန်း ထိန်းသိမ်းမြှင့်တင်ရန် အစိုးရ/အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ စာရင်းထုတ်ပြန်ခြင်း၊ ဝန်ကြီးဌာနများသို့ အကြံပြုခြင်း၊ ကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ်လေ့လာသင်ကြားမှု ဆောင်ရွက်ပေးခြင်း၊ အဆင့်တန်းမြင့်မားရေးအတွက် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုခြင်းနှင့် ကူညီခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ စံချိန်စံညွှန်းများနှင့် လုပ်ငန်းအခြေခံစံနှုန်းများ ကိုက်ညီမှု ရှိ/မရှိ သဘောထားပြန်ကြားခြင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရုံးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခြင်း၊ ကောင်စီ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန် တာဝန်ခံဝန်ကြီးဌာနက ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များ ချမှတ်ထားကြောင်း။

မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီအနေဖြင့် ကောင်စီ၏တာဝန်များကို အောင်မြင် ပေါက်မြောက်အောင် ပီပီပြင်ပြင် ဆောင်ရွက်နိုင်ခဲ့သလို မကြာမီကောင်စီ၏ ဒုတိယ အကြိမ်သက်တမ်း စေ့ရောက်မည်ဖြစ်၍ တတိယအကြိမ် ကောင်စီဖွဲ့စည်းရေး တာဝန်များကိုလည်း ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် ကောင်စီ၌ ငယ်ရွယ်ထက်မြက်သည့် အင်ဂျင်နီယာ ပညာရှင်များ ပါဝင်ရန်လိုကြောင်း၊ သို့ပါ၍ လူငယ်အင်ဂျင်နီယာပညာရှင်များပါဝင်ရန် ယခုမှစ၍ စဉ်ဆက်မပြတ် မွေးမြူပေးရန် လိုကြောင်း၊ သို့မှသာ အနာဂတ်၌ ပညာရှင်ရှားပါးလာမှုကို ကုစားနိုင်မည် ဖြစ်ကြောင်း။

ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ကောင်စီ၏ ဆောင်ရွက်ပြီးစီးမှု၊ ရှေ့ဆက် လက်ဆောင်ရွက်ရမည့် အစီအမံများ၊ လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုမှရရှိလာသည့် ရှေ့လုပ်ငန်းစဉ်များ အပေါ် အခြေအနေကောင်းများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီပညာရှင်များ ကြီးကြပ်ထိန်းသိမ်းမှု အာဏာပိုင်အဖွဲ့ (Professional Statutory and Regulatory Body) အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်ရင်း မြန်မာနိုင်ငံ၏အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ တိုင်းကျိုးပြည်ပြု လုပ်ငန်းတာဝန်များကို ဆထက်ထမ်းပိုး သယ်ပိုးထမ်းရွက် နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချိုဝင်းမော်နှင့် လုပ်ငန်းကော်မတီ အသီးသီးတို့မှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း သိရသည်။        


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)