ကွတ်ခိုင်မြိုနယ်တွင် ငွေကျပ်သိန်း ၂,၃၀၀ ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွတ်ခိုင်မြိုနယ်တွင် ငွေကျပ်သိန်း ၂,၃၀၀ ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များ ဖမ်းဆီးရမိ

ကွတ်ခိုင်၊ ဒီဇင်ဘာ  ၁၁

ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၃၀၀ ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီး ရပ်တန့်ထားသည့် UD Nissan ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်မောင်း မျိုးမင်းသန့်(ခ)ဒိုးလုံး(၃၁)နှစ်၊ ဝေဖြိုးအောင် (ခ)ဝေဖြိုး (၁၉)နှစ်၊ ဇော်ငြိမ်းထွန်း (၃၆)နှစ်တိုကို တွေ့ရှိပြီး ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၃၀၀ ကျော်တန်ဖိုးရှိ ဓာတု ဆေးရည် Sulfurous Dichloride  လီတာ ၆,၈၀၀ နှင့် Dimethyl Sulfate လီတာ ၄,၂၀၀ တို့အား သိမ်းဆည်းရမိခဲ့ပြီး ဓာတုဆေးရည်များကို တာဝန်ခံသယ်ဆောင်လာသည့် ကျော်စိုး(၅၀)နှစ်၊ ဝေလွင်(၅၈)နှစ်တို၂ ဦးကို အဆိုပါနေရာအနီးတွင် ရပ်ထားသည့် Mark-II အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတိုအား ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီး ကာကွယ်ရေးဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)