ကန်ပက်လက်မြို့ NLD အကြမ်းဖက်ပါတီရုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန်ပက်လက်မြို့ NLD အကြမ်းဖက်ပါတီရုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေး



ကန်ပက်လက်၊ ဒီဇင်ဘာ ၁၂

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ NLD အကြမ်းဖက်ပါတီရုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးခဲ့တဲ့အပေါ်မှာ အကြမ်းဖက်အားပေး၊ NLD အကြမ်းဖက်ပါတီကို ဝန်းရံတဲ့ သတင်းဌာနတွေက အများပြည်သူ အထင်အမြင်လွဲမှားအောင် ရေးသားဖော်ပြနေတာတွေကို တွေ့ရှိရပါတယ်။

ချင်းပြည်နယ်အတွင်းမှာ NLD က ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့တွေ ခြေကုတ်ယူသောင်းကျန်းနေတဲ့ အခြေအနေကြောင့် လုံခြုံရေးလိုအပ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။

NLDအကြမ်းဖက်ပါတီက ဖွဲ့စည်းထားတဲ့ အမည်မျိုးစုံနဲ့ အကြမ်းဖက်အဖွဲ့တွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုသာ တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် လုံခြုံရေးလိုအပ်ချက်တွေ ရှိနေပါတယ်။

NLD အကြမ်းဖက်ပါတီက ဖွဲ့စည်းထားတဲ့ PDF အကြမ်းဖက်အဖွဲ့က (၉-၁၂-၂၀၂၁)ရက်နေ့ ညနေပိုင်းက ရွှေဘိုမြို့ ကျားကျေးရွာ မှာ ၈လောင်းပြိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြပါတယ်။ NLD အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၁၅၀၀ကျော်အထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)