ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ် နည်းပြသရုပ်ပြဆရာ၊ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ် နည်းပြသရုပ်ပြဆရာ၊ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲတက်ရောက်



ပုသိမ်၊ ဒီဇင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ်      ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နေ့လည်က   ပုသိမ်တက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမခန်းမ၌ နည်းပြသရုပ်ပြဆရာ၊ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က “  လောကကို  ပညာဖြင့်အလှဆင်ကြမည့် ဆရာ၊ဆရာမများ အနေဖြင့်စာကိုလည်းသင်၊လူကိုလည်းပြင်ပေးကြရန်၊ ဝါသနာ၊ အနစ်နာ၊   စေတနာဟုသော နာ(၃)နာအပြင်ဂရုဏာဖြင့်ပေါင်းစပ်ဆောင်ရွက်ပြီး ကျောင်းသား၊ကျောင်းသူများ၏ စံထားရမည့် စံနမူနာပြဖြစ်ရေး၊ဆရာ၊ဆရာမများသည် ထာဝရကျောင်းသားကြီးများ ဖြစ်ကြပြီး ပညာကို လေ့လာကြရန်၊    စာပေကိုလည်း မပြတ်ဖတ်ရှု့ကြရန်နှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် များအား မွေးထုတ်ပေးမည့်ဝန်ထမ်းကောင်းများဖြစ်ကြရေး  ကြိုးစားဆောင်ရွက်ပေးကြ ပါဟုတိုက်တွန်းပါကြောင်း”   ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်    ဒေါက်တာသန်းထွန်းကသင်တန်းနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်အား သင်တန်းဆင်း သစ်လွင် ဆရာ၊ဆရာမများက အမှတ်တရဂါရဝပြု လက်ဆောင်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်ကသင်တန်းဆင်းလက်မှတ်၊ ဂုဏ်ပြုလက်မှတ်များနှင့် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအတွက်  ဂုဏ်ပြုငွေကျပ်(၅)သိန်းအား ပေးအပ်ကာ သင်တန်းသား၊သင်တန်းသူများကိုယ်စား မြန်မာစာဌာနနည်းပြသရုပ်ပြဆရာမ ဒေါ်နန့်မီမီကျော်က  ကျေးဇူးတင်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယနေ့ ပုသိမ်တက္ကသိုလ်မှ နည်းပြသရုပ်ပြ ဆရာ၊ဆရာမ(၁၁၇)ဦး သင်တန်းဆင်းခဲ့ပြီး ရက်သတ္တပတ်(၄)ပတ်ကြာ ကြာမြင့်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားတူ    ဟင်္သာတတက္ကသိုလ်မှ (၁၀၄)ဦး၊မအူပင်တက္ကသိုလ်မှ(၉၂)ဦးတို့ သင်တန်းဆင်းခဲ့ပြီး တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့်  တက္ကသိုလ်(၃)ခုမှ   နည်းပြသရုပ်ပြ  ဆရာ၊   ဆရာမ(၃၁၃)ဦး   သင်တန်း ဆင်းခဲ့ကြောင်း သိရသည်။

သတင်း - ကိုတွတ် ( ပြန်/ဆက် )

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)