ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်

 







ပဲခူး၊ ဒီဇင်ဘာ   ၁၁

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးအခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ကြံ့ခိုင်မှု စစ်ဆေး ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၏ အထင်ကရဖြစ်သည့် ကမ္ဘောဇ သာဒီနန်းတော်ရာဝင်းအတွင်းရှိ မြေနန်းပြသာဒ်ဆောင်၊ ဘမရာသနပလ္လင်ဆောင်များ ပျက်စီးနေ သည့် အစိတ်အပိုင်းများ၊ မြန်မာမှုသစ်သားပန်းကနုတ်ပြားများ၏ အခြေအနေကိုစစ်ဆေးပြီး ပြန်လည်ပြုပြင် နိုင်ရန်နှင့် ရေရှည်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလတွင် ဌာန ဆိုင်ရာများ၊ အရပ်ဘက် ရှေးဟောင်းသမိုင်းပညာရှင်များပါဝင်သော နန်းတော်ဆောင်များ ကြံ့ခိုင်မှု စစ်ဆေးရေး၊ ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး နိုဝင်ဘာလတွင် ပထမအကြိမ် အစည်း အဝေး ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ နန်းတော်ဆောင်များ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ထိန်းသိမ်းရေး အဖွဲ့၏ မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များ၊ မှတ်တမ်းတင်ထားမှုများစသည့် အသေးစိတ် အချက်အလက် တင်ပြချက်များအပေါ် ကြည့်ရှုပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများ၊ အရပ် ဘက်ရှေးဟောင်း သမိုင်းပညာရှင်များ၏ အကြံပြုချက်များဖြင့် ပြင်ဆင် ထိန်းသိမ်းဆောင်ရွက်နိုင် ရန် ဒုတိယအကြိမ် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်းနှင့် နန်းတော်ဆောင်များ ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြု ပေးကြစေလိုကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဆောက်လုပ်ရေးအထူးအဖွဲ့(၃)၊ဒုတိယညွှန်ကြားရေးမှူး ဦးတင်လှမှ ပဲခူးမြို့၊ ကမ္ဘောဇသာဒီ နန်းတော်ရာဝင်းအတွင်း ပုံစံတတည်ဆောက် ပြသထားသည့် နန်းဆောင် များ၏ ကြံ့ခိုင်မှုစစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အရပ် ဘက် ရှေးဟောင်း သမိုင်းပညာရှင်များက ဝိုင်းဝန်းအကြုံပြု ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နန်းတော်ဆောင်များ ပြန်လည်ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သီးသန့်ဘဏ္ဍာငွေလျာထားပြီး သမိုင်းပညာ ရှင်များ၊ ပိသုကာပညာရှင်များ၊ မြန်မာမှုပညာရှင်များဖြင့် စနစ်တကျ အပိုင်းလိုက်ခွဲ၍ ရှေးမူမပျက် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နန်းတော်ရာဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေး ထားဆောင်ရွက်ရန်၊ အရိပ်ရသစ်ပင်နှင့် ရာသီအလိုက်ပွင့်သည့် ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးသွား ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်သမိုင်းပညာရှင်များလိုက်ပါလျက် ပဲခူးမြို့၊ ကမ္ဘောဇ သာဒီနန်းတော်ရာဝင်းအတွင်းရှိ မြေနန်းပြသာဒ်ဆောင်နှင့် ဘမရာသနပလ္လင်ဆောင်တို့ အား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း - ဝဏ္ဏမောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)