နိဗ္ဗာန်ကျွန်းကျေးရွာနှင့် ပဒေသာကျွန်းကျေးရွာမှ ဒေသခံပြည်သူများအတွက် စက်ရေတွင်း(၂)တွင်းနှင့် အုတ်ရေလှောင်ကန်(၂)ကန် တည်ဆောက်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နိဗ္ဗာန်ကျွန်းကျေးရွာနှင့် ပဒေသာကျွန်းကျေးရွာမှ ဒေသခံပြည်သူများအတွက် စက်ရေတွင်း(၂)တွင်းနှင့် အုတ်ရေလှောင်ကန်(၂)ကန် တည်ဆောက်လှူဒါန်း

 


မင်းဘူး၊ ဒီဇင်ဘာ   ၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ နှင့် ပဒေသာကျွန်းကျေးရွာတို့မှ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် စက်ရေတွင်း (၂)တွင်းနှင့် အုတ်ရေလှောင်ကန် (၂)ကန်ကို တည်ဆောက်လှူဒါန်းခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက ပြောသည်။

နိဗ္ဗာန်ကျွန်းကျေးရွာနှင့် ပဒေသာကျွန်းကျေးရွာ၌ စက်ရေတွင်း (၂)တွင်းတူးဖော်ခြင်းနှင့် ရေဂါလံ (၁၂၀၀)ဆံ့ အုတ်ရေလှောင်ကန် (၂)ကန် တည်ဆောက်လှူဒါန်းခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေကျပ် (၁၀၉)သိန်း ကျော်ဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့က စတင်တူးဖော်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့တာကြောင့် စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

စက်ရေတွင်း တည်ဆောက်ပြီးစီးမှုအခြေအနေများကို မကွေးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင် ရာမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် မင်းဘူး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတာဝန်ရှိသူများအဖွဲ့မှ ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ စက်ရေတွင်းတူးဖော်သည့် မြေနေရာများကို ဒေသခံနှစ်ဦးမှ လှူဒါန်းခြင်းဖြစ်ပြီး စက်ရေ တွင်းနှင့် အုတ်ရေလှောင်ကန် တည်ဆောက်ပြီးစီးခဲ့သည့်အတွက် နိဗ္ဗာန်ကျွန်း ကျေးရွာနှင့် ပဒေသာကျွန်း ကျေးရွာတို့မှ ပြည်သူများအနေဖြင့် သောက်သုံးရေများကို အခက်အခဲမရှိ အဆင်ပြေစွာသုံးစွဲနိုင်တော့ မည်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

သတင်း - မောင်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)